တကမ္ဘာလုံးက ဖုန်းအချင်းချင်း ပိုက်ဆံမကုန်ဘဲ Phone ခေါ်ကြမယ်. (FREE)
ကျွန်တော်တို့အနေနဲ့
ဖုန်းတွေ အသီးသီး ရှိကြတယ်ဗျာ. ဖုန်းခေါ်ဆိုခတွေ အရမ်းများတယ်။ အဲ့တော့
ပိုက်ဆံမကုန်အောင် ဖုန်းပြောတာတို့၊ မြန်မာလို chat တာတို့၊ message
ပို့တာတို့ မလုပ်ချင်ဘူးလား။ အင်တာနက်ခက တစ်မိနစ်မှ 2 ကျပ်လား 20 လား
ပေးရတာပါ။ တန်ပါတယ်။ အဲ့လိုခေါ်ချင်ရင်တော့ အောက်က အချက်တွေနဲ့
ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ အခု ကျွန်တော် ကွန်ပျူတာကနေ ဟန်းဖုန်းကို
ဖရီးခေါ်ဆိုနိုင်အောင် ကြိုးစားကြည့်နေပါတယ်။ ဖုန်းနံပါတ်ကတော့
လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ခက်တာက android phone(အတု-အစစ်ကဲ့သို့)
တစ်လုံးကို ကွန်ပျူတာပေါ်ကနေ စမ်းသုံးပြီး ဖုန်းခေါ်ဖို့အတွက် ဖုန်းနံပါတ်နဲ့
activate လုပ်ဖို့က ရပြီ။ အဲ့ထဲကို install လုပ်ဖို့အဆင့်တစ်ဆင့်
လိုနေသေးလို့ လုံးဝ ထည့်လို့မရဘူးဖြစ်နေတယ်။ ကဲဒါကထားပါ ကျွန်တော့်ဖက်က
အခက်အခဲပေါ့.
- မိမိဖုန်းဟာ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီး update လုပ်နေပါတယ်။)
- မိမိဖုန်းမှာ viber ဆိုတဲ့ free ခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော် တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber software ထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Android အမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။
- မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲ ဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင် ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင် အင်တာနက် ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့ wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။ အော်ဒါနဲ့ပြောဖို့ကျန်သွားပါတယ်။ အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။ အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်. viber နဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။ oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီး ကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viber နဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်က အိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။
- အဲ့တော့ ခုနက ပြောတဲ့ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးမှာ အင်တာနက်ရှိနေခဲ့ရင် http://www.viber.com ကိုသွားပြီး ကို့ဖုန်းအမျိုးအစားကို ရွေးပြီး Download လုပ်လို့ရသလို၊ Android ဖုန်းဆိုရင်တော့ Play store ကနေ အရင်နှိပ်ပြီး search box ထဲမှာ viber လို့ရိုက်ထည့်လိုက်တာနဲ့ တန်းပေါ်လာပါလိမ့်မယ်။ ရွေးပြီးတော့သာ download လုပ်လိုက်ပါ။ download လုပ်ပြီးတာနဲ့ install ကို သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ activate ဖြစ်ဖို့အတွက် မိမိရဲ့ နိုင်ငံနဲ့ ဖုန်းနံပါတ်ကို ရွေးပေးရပါမယ်။ ရွေးပြီး OK နှိပ်တာနဲ့ ဖုန်းထဲကို message ရောက်လာပါမယ်။ အဲ့ message ထဲက code ကို viber phone activate ဖြစ်ဖို့အတွက် တောင်းတဲ့အကွက်ထဲမှာ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် viber ရှိသော မည်သည့် ဖုန်းကိုမဆို ခုခေါ် ခုပြောလို့ရသလို၊ message ပို့ရင်လည်း ခုပို့ ခုရောက်ပါတယ်။ ကဲပြောမယ့်သူချည်းပဲလို့ ထင်ပါတယ်။ အဲပြောဖို့တစ်ခုကျန်သွားပါတယ်။ play store (or) www.play.google.com ကို ၀င်ဖို့အတွက် google account လိုအပ်ပါတယ်။ မိမိသုံးနေတဲ့ google account နဲ့ ၀င်လည်း ရပါတယ်။ ၀င်လို့ရမှသာ application တွေကို ဖရီး Download လုပ်ခွင့်ရကြမှာပါ။ apple က ထုတ်တဲ့ iphone နဲ့ ipad ကိုတော့ google ကနေ မထင်မှတ်ဘဲနဲ့ ခဏတာအတွင်း အသုံးပြုသူအရေအတွက်နဲ့ service ကောင်းကောင်းနဲ့ လုပ်ပြလိုက်ပြီဆိုတော့ apple အနေနဲ့တော့ နည်းနည်းမျက်ခုံးလှုပ်သွားမှာ အမှန်ပါ။ ဘာလို့လဲဆိုတော့ iphone, ipad တွေကို ပြန်သုံးရဖို့အတွက် jailbreak လုပ်ရလို့ပါပဲ။ android phone မှာ အဲ့ဒါတွေမလိုပါဘူး။ ကြိုက်သလိုသွား၊ ကြိုက်တာ install လုပ်လို့ရပါတယ်။ ကဲအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ android သမားများအတွက် မရှာချင်ရင်တော့ အောက်မှာ တင်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံက အင်တာနက်ရှိတဲ့ဖုန်း၊ အင်တာနက်လိုင်းရတဲ့နေရာကနေ ဖုန်းကတဆင့် ကျွန်တော့်ဖုန်းကို လှမ်းဆက်လို့ရပါတယ်။ +66862735597 ပါ။ ရတယ်ဆိုရင် စမ်းခေါ်လိုက်ပါ။ phone number ထည့်လိုက်တာနဲ့ ကို့သူငယ်ချင်းတွေထဲမှာ viber ထည့်ထားတယ်ဆိုရင် viber ပုံလေး ဖုန်းနံပါတ်နဘေးမှာ ပေါ်နေပါတယ်။ ဘယ်သူထည့်ထားလဲ ကြည့်လို့ရပါတယ်။ မေးစရာမလိုပါဘူး။
Download Viber.apk
ifile | Minus | Mediafire
Direct link
Apple | Android | Blackberry | Window PhoneAndroid ဖုန်းတစ်လုံးကို ကွန်ပျူတာပေါ်ကနေ သုံးကြည့်ကြရအောင်
Android
ဖုန်းတစ်လုံးကို ကွန်ပျူတာထဲမှာ install လုပ်ပြီး သူ့ထဲမှာ ပါတဲ့ setting
နဲ့ android game တွေကို ဆော့ကြည့်ချင်တယ်. ကို Download လုပ်ထားတဲ့ Game
ဟာ ထည့်ပေးရမယ့် android phone နဲ့ အဆင်ပြေမပြေ တစ်ခါတည်း ထည့် install
လုပ်ပြီး စမ်းပြီး ကစားကြည့်လိုက်ပါ။ တစ်ခြားသူတွေလည်း android phone
ဆိုတာကို သေချာ မသိသူများအတွက် တင်ပေးလိုက်ပါတယ်။ software နဲ့ phone
အဲ့ဒါပဲ ကွာပါတယ်။ software မှာတော့ SIM card မပါဘူးပေါ့။ တကယ့် android
phone မှာတော့ sim card ပါတယ်ပေါ့။ ဒါပါပဲ။ ကဲစမ်းပြီးတော့
လက်သရမ်းကြည့်လိုက်ပါ။ အဆင်မပြေစရာမရှိပါဘူး။ နောက်ဆုံးထွက် version ကို
ရအောင်ရှာတင်ပေးထားတာပါ။ နောက်ကျရင် ကျွန်တော် ဖိုင်ကို keyfile က သတ်သတ်
software ဖိုင်က သတ်သတ် ခွဲတင်ပေးမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
တစ်ချို့က software သာရှိပြီး license version ဖြစ်အောင် လုပ်ဖို့
ခက်ခဲနေကြတဲ့သူတွေအတွက် အချိန်မကုန်အောင် လုပ်ပေးလိုက်တာပါ။
အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Download Android Phone software
Download Patch
Ifile | Minus | Mediafiregsm ဖုန်း တွင် အင်တာနက်အသုံးပြုနိုင်ရန် setting ထည့်ခြင်း(.sony ericsson
gsm ဖုန်းတွင်အင်တာနက် အသုံးပြုနိုင်ပါတယ်...speed ကတော့ download ကို 1 second = 1 kb to 4 kb အထိပဲ ရပါတယ်..idm နဲ့ download လုပ်မယ်ဆိုရင်တော့4 kb to 15 kb ထိရပါတယ်...sony ericsson ဖုန်းနဲ့ ဆိုရင် ကွန်ပြူတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်...
nokia နဲ့တော့ မစမ်းသက်ရသေးပါ...sony ericsson တွင် setting ထည့်နည်း ပြောပြချင်ပါတယ်...ပထမဆုံး internet setting တွင် accect point name ကို mpt ဟုထည့်ပါ...APN name ကို mptnet ဟုထည့်ပါ....username နေရာတွင် mpt ဟုထည့်ပါ...password မလိုပါ...proxy လည်းမလိုပါ...ထို့နောက် ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပါ..connection bar/ဖုန်း နက်ဝေါ့ တိုင်ဘေးနားတွင် E ဟု ပေါ်လာပါက အသုံးပြုနိုင်ပါပြီ...ထို့နောက် browser ထဲဝင်ပါ...setting တွင် access point နေရာတွင် mpt ကိုရွေးပါ..www.google.com ကို အရင်သွားပါ..အင်တာနက်အသုံးပြုနိုင်ပါပြီ...website လိပ်စာကို တိုက်ရိုက်ထည့်သုံးပါက လိုင်းနှေးသောကြောင့် မတက်တာများပါတယ်..google သို့ အ၇င်ဝင်ပြီး search box တွင် သွားလိုသောလိပ်စာကို ထည့်ပြီး ရှာပြီးမှ ကျလာသော လိပ်စာကို ၀င်တာက ပိုမြန်ပါတယ်...gmail ကို သုံးလိုလျှင် google တွင် gmail ဟု ရိုက်ပြီး ရှာလိုက်ပါ...gmail လိပ်စာ ကျလာလျှင် ၀င်လိုက်ပါ...gtalk အသုံးပြုလိုလျှင် google တွင် ebuddy ဟုရိုက်ပြီး ရှာလိုက်ပါ..ebuddy website ၀င်ပြီး software ကို download လုပ်ပါ..မိမိ ဖုန်းအမျိုးအစားကိုရွေးပါ..software ကို ဖုန်းတွင် download လုပ်ပြီး အသုံးပြုပါ..
ကွန်ပြူတာနက် ချိတ်လိုလျှင် ဖုန်းကို ကွန်ပြူတာနှင့် ကြိုးဖြင့်ဆက်ပြီး network setting - streaming setting တွင် access point တွင် mpt နှင့် usb setting တွင် usb ethernet ဟို ပြောင်းပြီးသုံးပါ..ကွန်ပြူတာနှင့်ချိတ်လိုက်သည်နှင့် အင်တာနက်နှင့်အလိုလိုချိတ်ပြီး ဖြစ်ပါလိမ့်မည်..
ဆက်သွယ်ရေးတွင် ဖုန်းလိုင်း လျှောက်ပြီး ၂ရက်လောက်ကြာမှ လိုင်းပွင့်ပါသည်... လိုင်းပွင့်သည်နှင့် ဖုန်းလိုင်းမမိတမိ ဖြစ်နေပါလိမ့်မည်..အင်တာနက်မသုံးလိုပါက မလျှောက်တာပိုကောင်းပါသည်...ဖုန်းလိုင်း ကွန်နက်ရှင်ပါကျသွားလို့ပါ..အင်တာနက်သုံးလျှင်လည်း အိမ်တွင်းတွင် သုံးလျှင် လိုင်းမမိတတ်ပါ...အထက်ပါ setting ထည့်ခြင်းကိုလည်း လမ်းပေါ်/ အိမ်ရှေ့ဝရန်တာ လိုင်းအပြည့်မိသောနေရာတွင် စမ်းပါ..မဟုတ်လျှင် လိုင်းမတက်ပါ....မှတ်ချက်းးး ဖုန်းပဲသုံးမယ် အင်တာနက်မသုံးဘူး ဆိုရင် E လက္ခဏာလေး ပျောက်သွားအောင် ပြန်ထွက်လိုက် မထွက်ရင် တစ်မိနစ် ၄ကျပ်နော်............
No comments:
Post a Comment