မင်္ဂလာပါခင်ဗျာ..... ကျွန်တော့်ဘလော့လေးကိုလာအားပေးတဲ့သူငယ်ချင်းများအားလုံးကိုဒီနေရာကနေနွေးထွေးစွာကြိုဆိုပါတယ်http://naychilinn.com/

Tuesday, July 24, 2012

Microsoft Office Professional Plus 2010 ( full version )



21 Jul 12, 09:07 PM
thuyein: အစ်ကိုခင်ဗျား ကျွန်တော့်မှာ ရှိတဲ့ MS Office 2010 full version ကို တင်ပေးလိုက်ပါပြီ..။ ဒီကောင်ကို ကျွန်တော် အရင်ပေးထားတဲ့ E-Z Activator နဲ့ Product key နဲ့ activate လုပ်တာ ရပါတယ်ခင်ဗျား..။ activate လုပ်နေရင် online ချိတ်ထားဖို့ ပြောပေးပါခင်ဗျား..။ ပြီးရင် Microsoft Netframe 4.0 ရှိရမယ်လို့ ပြောပါတယ်...။ ကျွန်တော်က ရှိပြီးသားမိုလို့ ထည့်မထားပါခင်ဗျား..။  ကျန်တာအကုန်အဆင်ပြေပါတယ်..။ product key မှာ အပေါ်က key နဲ့တင် အဆင်ပြေသွားပါတယ်ခင်ဗျား..။ အပိုင်း 19 ပိုင်းပါ..။
ကျနော့်မှာ ရှိတဲ့ Microsoft Office 2010 က 4GB ကျော်ရှိပါတယ်..။ ဒါကြောင့် မတင်ပေးတာပါ..။ အခု ကိုthuyein တင်ပေးလိုက်တဲ့  MS Office 2010 က 700 MB ဆိုတော့ ဒေါင်းယူရတဲ့ လူအတွက်လည်း အဆင်ပြေမှာပါ..။ အားလုံးအတွက် လုပ်ပေးတဲ့ ကိုthuyein ကို ကျေးဇူးတင်ပါတယ်..။ တခုလိုတာက ဘယ်ဆော့ဝဲလ်နဲ့ ဖိုင်တွေကို ခွဲတာလည်း ဆိုတာ မသိရတာပါ..။ ဥပမာ Hjsplit ဆော့ဝဲလ်နဲ့ ဖိုင်ခွဲတာဆိုရင် Hjsplit ဆော့ဝဲလ်နဲ့ ပြန်ပေါင်းမှ ရတာပါ..။ ဒါကြောင့် ဘယ်ဆော့ဝဲလ်နဲ့ ဖိုင်တွေခွဲခဲ့တာလည်း ဆိုတာ.. ကိုthuyein ဒီပိုစ့်ကို ဖတ်မိရင် အကြောင်းပြန်ပေးပါ..။ တချို့ဆော့ဝဲလ်တွေတော့ ရှိပါတယ်..။ ဖိုင်တွေပြန်ပေါင်းတဲ့ အခါကျရင် Part-01 ကို ဖြည်ချလိုက်ရင် အားလုံးတန်းစီပြီး ပြေကျသွားပါတယ်..။ အဲလိုမျိုးဆိုရင်တော့ ဖိုင်ခွဲခဲ့တုန်းက အသုံးပြုခဲ့တဲ့ ဆော့ဝဲလ်ကို ပြန်သုံးဖို့ မလိုတော့ပါဘူး..။
ကျနော်လည်း အခုမှ စပြီး ဒေါင်းယူနေတုန်းမို့ ဖိုင်တွေကို ဘယ်လို ပြန်ပေါင်းရမယ်ဆိုတာ သေချာမသိသေးပါဘူး..။ ဒီဖိုင်တွေပြန်ပေါင်းပြီးရင်တော့ ဒီပိုစ့်ရဲ့အောက် ဖိုင်တွေဘယ်လို ပြန်ပေါင်းရမယ်ဆိုတာ ကျနော်ဆက်ရေးပေးသွားပါ့မယ်..။ ဒီဆော့ဝဲလ်ကို Cbox မှာတွေ့တွေ့ချင်း ပြန်တင်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ကိုthuyein လင့်ချိတ်ပေးထားတဲ့ Cbox က စာကြောင်းလေး တစ်ကြောင်းကို ကျနော် ဖျက်ထားလိုက်ပါတယ်..။ ဘာလို့ဒီလိုလုပ်ရလည်း ဆိုတော့.. Microsoft ကုမ္ပဏီကို ရှော့တွက်လို့ မရပါဘူး..။ အဲဒီလင့်ကို မဖျက်ထားရင် ၃ရက်အတွင်း Microsoft ကုမ္ပဏီက ရှာတွေ့ သွားမှာပါ..။ Microsoft က ဒီဖိုင်တင်ထားတဲ့ လင့်ကို Upload တင်ထားတဲ့ ဆိုဒ်မှာ သွားပြီး ဖျက်ခိုင်းပါလိမ့်မယ်..။ Upload တင်ထားတဲ့ ဆိုဒ်ကလည်း Online ပေါ်လစီအရ ဖျက်ပေးရပါလိမ့်မယ်..။ အဲဒါဆို ကျနော်တို့ အားလုံး ဒီဖိုင်ကို ဒေါင်းယူလို့ မရတော့ပါဘူး..။ ကျနော်အရင်က  နိုင်ငံခြားဆိုဒ် တခုကနေ Windows7 48 in 1 ကို  ရလာလို့ ကျနော့်ဆိုဒ်မှာ လင့်ချိတ်ပေးဖူးပါတယ်..။ ၃ရက်မကြာဘူး အဖျက်ခံလိုက်ရပါတယ်..။ သူ့ဆိုဒ်မှာ တင်ပေးထားတာ ကျနော် စတွေ့တဲ့ အချိန်မှာ တစ်နှစ်ကျော်သွားပါပြီး.. ဒေါင်းယူလို့ ရနေတုန်းပါ..။ သူက Adf.ly webpage လေးကြားခံပြီး တင်ပေးထားတာ..။ ကျနော်က ကိုယ့်မြန်မာပြည်သားတွေ ဒေါင်းလော့မချတတ်မှာစိုးလို့  Adf.ly webpage ကြားမခံပဲ.. ဒါရိုက်လင့်ကို ချိတ်ပေးလိုက်တာ..။ Microsoft ကုမ္ပဏီက ၃ရက်မကြာဘူး ရှာတွေ့သွားလို့ ဖျက်ပစ်တာခံလိုက်ရတယ်..။ ဒါကြောင့် အတွေ့ အကြုံလေး တခုရထားလို့ နောက်ပိုင်း တင်တဲ့နာမည်ကြီး ဆော့ဝဲလ်တွေကို adf.ly webpage လေးကြားခံပြီး တင်ပေးထားတာပါ..။ အခုဒီ ဆော့ဝဲလ်ကိုလည်း ကိုthuyein တင်ထားတဲ့ ဖိုင်တွေအတိုင်းကို ကျနော်က အဲဒီစာမျက်နှာလေး ကြားခံပေးလိုက်ပါတယ်..။ အားလုံးအတွက် ဒီဖိုင်လေး ကြာကြာခံအောင်လို့ပါ..။ Activate ဖြစ်အောင် ဘယ်လိုလုပ်ရလဲ ဆိုတာကို အပေါ်ဆုံးမှာ ကိုthuyein ရေးပေးထားတဲ့ အတိုင်းပါပဲ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ အားလုံးပေါင်း အပိုင်း 19 ပိုင်း.. E-Z Activator နဲ့ဆို အပိုင်း 20 ပါ.. တပိုင်း ကို 35 MB စီရှိပါတယ်..။



Microsoft Office 2010


Download Microsoft .Net Frame

No comments:

Post a Comment